Sunday, June 19, 2011

သေသောသူကြာလျှင်မေ့

သေသောသူကြာလျှင်မေ့

တစ်ကယ်လား
ရင်နှင့်ရင်းရတဲ့နှလုံးသားများ
အစားထိုးမရ
နှစ်တစ်ထောင်မှာ တစ်ယောက်ဖွား
သူ့လိုလူရှိမလား ?
သည် အချိန် သည် ရက်
နှစ်စဉ် ခံစားရ
ဥသြဆွဲသံမကြားရတာကြာခဲ့ပြီ
မေ့ပစ်ခဲ့ကြပြီလား
သူရဲကောင်းတစ်ယောက်ရဲ့
အရိုးသားဆုံးအိပ်မက်
“ကြည်ရယ်…. ပဲပြုတ်နဲ့နံပြားစားချင်တယ်” တဲ့ . . .
ဦးညွှတ်ကြပါစို့
ကျွန်တော်တို့ ဘယ်အထိစောင့်ရမလဲ
အို ဖခင် . . .
သင်လိုချင်ခဲ့တာ အမှန်တရား
စစ်မှန်စွာဖြောင့်မတ်မှု
တစ်ဖန်ပြန်နိုးထခဲ့ပါတော့
မျှော်နေမယ်. . .

“အောင်ဆန်း . . .”
ကျွန်တော်သားလေးမွေးတဲ့အခါ
ပေးမယ် အဖေ့နံမည်
အဖေ့လိုလူမျိုး
မြန်မာပြည်မှာ ထွန်းကားဖို့
ကျွန်တော်တို့ ဘယ်လောက်အထိစောင့်ရမလဲ ?
ဒါဟာကဗျာမဟုတ်
မီးလောင်တိုက်အသွင်းခံခဲ့ရတဲ့
ကျွန်တော်တို့နှလုံးသားများ
အဖေ ကြားသိစေသား. . .
မြန်မာနိုင်ငံအတွက်
အဖေနဲ့ သူရဲကောင်းများ
စတေးခဲ့တာ နှစ်ပေါင်း ၆၀
ကြာခဲ့ပြီကော . . .

နည်ရဲဇော်

No comments: