Sunday, June 19, 2011

အမှတ်မရှိတဲ့သူ

အမှတ်မရှိတဲ့သူ

လူတွေက
အမှတ်မရှိတဲ့တစ်စုံတစ်ယောက်ဆီက
ဒဏ်ရာအနာတရနဲ့
နားလည်မှုမျိုးကိုလိုချင်ကြတယ်။
ငါအလျှော့ပေးခဲ့ရတာ
ငါ့အတ္တတွေတောင် ပျောက်ဆုံးခဲ့ပြီ။
သူတို့အတွက်တော့
မနေ့ကပြောခဲ့တဲ့စကားတွေ
ယနေ့မှာမေ့ပျောက်ကုန်ကြ
ဆန္ဒတွေခ၀ါချခဲ့ရတာလည်း
အကြိမ်ကြိမ်ပါပဲ . . .။
ယနေ့ထိ ငါ နားမလည်နိုင်သေးတာ
“မေတ္တာ” ဆိုတဲ့အရာ
အပြန်မရှိသေးတာကလွဲရင် . . .
သိပ္ပံပညာရပ်တစ်ခုလို
တိကျမှုလိုနေတာကလွဲရင်...
နောက်ပြီး
အခန့်မသင့်တဲ့အခါ
ဝမ်းနည်းရတတ်တာကလွဲရင်ပေါ့ . . .။

နည်ရဲဇော်

No comments: