Sunday, June 19, 2011

ပို့စ်မော်ဒန်ဆရာကြီး

အပြာရောင် အစိမ်းရောင်
အလင်းတုများမော်ကြွား
တစ်ဖြတ်ဖြတ်တောက်ပ
အပြုံးတုတစ်စနှစ်စ ။
ဇွန်းသံပန်းကန်သံ
ငြင်းခုန်သံတွေကြား
သဘာဝတရားကိုပစ်ထား . . .

တစ်ကျိုက်နှစ်ကျိုက်
မျိုလိုက်တဲ့သူရာ
ခန္ဓာတစ်ခုလုံးပျံ့နှံ့သွားခဲ့ . . .

ဟိုလူကငြင်းခုံ၊ ဒီလူကပယ်ချ
ပို့စ်မော်ဒန်ဘ၀ ထိုသူကပြောပြ။
ခေါင်းဆံပင်ဖြူဖြူနဲ့ယမကာစုပ်တဲ့သူ
သူ့ချစ်သူမော်ဒန်မအကြောင်း
မိုးလုံးပြည့် ဥပမာတွေပေး
သူလွယ်တဲ့မြန်မာလွယ်အိတ်ကလေးကိုမှ အားမနာ
အဆုံးမတော့ အိမ်ရှင်မကိုပေးရမယ့်အသပြာ
တစ်ဝိုင်းစာကိုရှင်း
မင်း ... နောက်နေ့လာခဲ့ဦးတဲ့၊ . . .

နည်ရဲဇော်

No comments: