Monday, January 17, 2011

မာန်

တောင်ပံကျိုးပျက်
မွေးတောင်စင်လျက်
ငှက်ငယ်သော်မှ
မာန်မချဘဲ
ဘ၀ ၀မ်းစာ ခုန်ဆွရှာသည်
မြဲသည့်ဇွဲမှာ ကာလကြာသော်
တောင်ပံဝင့်ကြွား
မွေးသစ်ပွား၍
လေဟုန်ဝဲကာ
အာကာထဲမှာ ၀ံ့ကြွားနိုင်၏။

မိုးသက်မုန်တိုင်း
ခုတ်ထစ်ပိုင်း၍
အပိုင်းပိုင်းပြတ်
ကျန်သည့်ငုတ်တို
သစ်ပင်အို ကား
မတုန်မလှုပ် ကြိတ်မှိတ်ငုံ့ခံ
လောကဓံကို
မိုး-ဆောင်း-ဂိမ္မန်
ထချိန်တန်က
ကျန်သည့်အဆစ်
ပုရစ်နုထွား သားတက်ပွားကာ
လောကအလှဆင် နိုင်သေးသည်။

အို . . ငါသည် လူသား . . .
ပုခုံးနှစ်ဖက်ကြား
ခေါင်းပေါက်လာ၏
တွေးခေါ်ချိန်ဆ ဥာဏ်စွမ်းရ၏
ခြေ၊ လက်၊ နှလုံး၊ စုံသည့်အင်္ဂါ
ဘာမှုစရာတည့်။
ငါလျှောက်သည့်လမ်း
ဆူးပြွမ်းကြမ်းလည်း
ရှေ့ကိုတိုးဘိ နာဂါတ်ဆီသို့ . . .

ရှုံးနိမ့်သည်များ
ထားခဲ့အတိတ် ပြန်မလှည့်နှင့်
ရသည့် သင်ခန်းစာ
ယူချေပါတည်း
အရှေ့ဘက်မှာ ရောင်နီလာလျှင်

ငါသည်တစ်ဖန် အောင်ပွဲခံအံ့ . .
ငါသည်တစ်ဖန် အောင်ပွဲခံအံ့ . .

နည်ရဲဇော်

7.2009

No comments: