Monday, April 4, 2011

လမင်းအတွက်သီချင်း



လမင်းနားဆင်ဖို့
အစုံသောကြယ်တာရာတွေရဲ့
ချစ်ခြင်းဖွဲ့တေးသွားကို
ညများမှာကြားနိုင်ပါရဲ့။

ဒါပေမယ့်
စိမ်းမြတဲ့လမင်းအတွက်
နှလုံးသားသက်သက်နဲ့ဖတ်ကြည့်မှ
တွေ့မြင်ခွင့်ရရှာမယ့်စာသားတွေ
ကောင်းကင်မှာအပြည့်ရေးထားတယ်။

ဒီလိုနဲ့ငါ့ရင်ထဲ
အိပ်မက်တွေ
မုတ်သုန်နှစ်မြို့တိုင်ခဲ့ပေါ့။

No comments: