Monday, January 17, 2011

တစ်နေ့နေ့ပေါ့

တစ်နေ့နေ့ပေါ့ . . .
မျှော်လင့်ချက်တို့ဟာ
မီးသင့်ငှက်ပမာ
လောင်ကျွမ်းပြာကျ
ပြာပုံဘ၀ရောက်လည်း
ပြန်လည်ရုံးထ
တစ်ကနေ “စ” ကြမယ်။
+ + + + +
လက်မလျှော့လိုက်ပါနဲ့
နောက်ဆုံးအချိန်အထိ . . ။
ဘ၀ဆိုတာ
အလိုမပြည့်မှုများစွာ
မြိုချနေရင်းနဲ့သာ
အပြုံးမပျက်ဘဲ
မင်း ခံယူရဲရမယ်။
+ + + + +

မရပ်တန့်လိုက်ပါနဲ့
ကိုယ်ယုံကြည်ခဲ့တာတွေ . . . ။
မတော်တဆ
ချောက်ကမ်းပါးထဲ လဲပြိုကျခဲ့ရင်တောင်
မင်းဦးနှောက်တွေ
အကောင်းအတိုင်းရှိသေးတယ်ဆိုရင်
ဝေဒနာတွေကို အားဆေးအဖြစ်မှီဝဲလို့
ကမ္ဘာမြေရဲ့
ကျောက်သားနံရံမှာ
မင်း နာ မည် ကို
ထွင်းထုခွင့်ရသွားတာပေါ့ . . .။



နည်ရဲဇော်

၂၆.၈.၂၀၀၁

No comments: