Monday, January 17, 2011

ပေးချင်တာ

စွန့်ခွာပစ်ခဲ့တဲ့နေ့စွဲတွေထဲမှာ
စကားလုံးများစွာကျန်ခဲ့တယ်။
အလွမ်းလက်ကျန် ခွက်ကပ်ထဲမတော့
နှုတ်ခမ်းသားတစ်စုံ (ရဲဆေးတင်ပြီး)
ပြစ်ပြစ်နှစ်နှစ်ချီးပချင်နေပုံများ
သူမြိုချနေမိတာ
သူ့သိက္ခာတွေဖြစ်လို့ပေါ့ . . .။

“အဲဒါက ဘ၀” . . .တဲ့။
(. . . ရယ်သံများ . . . )

ဟောဒီနှုတ်ခမ်းများကပါပဲလေ။

နည်ရဲဇော်

No comments: