Monday, June 4, 2007

ကာရံပျက်တဲ့သူ

ကာရံပျက်တဲ့သူ

မိုးပေါ်ကိုပျံတက်မလို့တဲ့
တောင်ပံမဲ့ မာနတွေ
ရောင်နီကိုမျှော်နေလျက် . . .
ကောင်းကင်တစ်ခုလုံးပျောက်နေချိန်မှာတောင်
သီချင်းဆိုမပျက်ခဲ့။ ။
ရိုးသားဖို့အတွက်
ဓါးသွားထက်ထက်နဲ့
ထိုးစိုက်ခံလိုက်ရတဲ့နှလုံးသား
နာကျင်စွာခံစားတတ်ချင်တယ်။
ပင့်ကူတစ်ကောင်ရဲ့အိမ်ဖွဲ့ချင်းမျိုးနဲ့
ဘ၀ကိုအကြိမ်ကြိမ်အခါခါဆောက်တည်ခဲ့. . .
လမ်းတစ်ဝက်မှာလှည့်ပြန်ခဲ့ရတဲ့အခါတိုင်း
ဝိုင်း ၀ိုင်း ထိုးတတ်တဲ့လက်ညှိုးတွေငါဟာ . . . အင်္ဂုလိမာလမဟုတ်လို့ပေါ့ . . ။

No comments: