Tuesday, June 19, 2007

an ambrella, a pair of bags, a pair of brains, a slipper

ထီးတစ်လုံး၊ လွယ်အိတ်တစ်စုံ၊ ဦးနှောက်တစ်ရံ၊ ဖိနပ်တစ်လက်

ငါ့မှာ. . .
နက်ချင်ယောင်ဆောင်နေတဲ့
ထီးအ၀ါကြီးတစ်လုံးရှိတယ်။
မလိုသူတွေက
အတင်းစကားတွေနဲ့
ကဲ့ရဲ့မိုးတွေပက်တဲ့အခါ
ဒီ ထီးကိုဖွင့်ဆောင်းလိုက်မယ်
(ငါ့ကိုမထိအောင်လို့ . . .)

ငါ့မှာ. . .
ကာလရှည်ကြာစွာ
ပုခုံးထက်မှာခိုစီးလို့
ကိုယ့်အမည်ကိုယ်မသိတဲ့
လွယ်အိတ်အနီတစ်စုံရှိတယ်။
ဒီလွယ်အိတ်ထဲမှာ
ငါ့ဦးနှောက်ရဲ့
ရေသောက်မြစ်တွေရှိတယ်။
မကြာခဏ Present ရတတ်တဲ့
ရှုံးနိမ့်မှုတွေကို
ပြုံးပြတတ်စေမယ့်
ဗီတာမင်တွေ သောက်သုံးနိုင်ဖို့ . . .။

ငါ့မှာ . . .
ဘယ်တော့မှ မငြီးညူတတ်တဲ့
အညာသားဖိနပ်တစ်လက်ရှိတယ်။
ငါသွားရာလမ်းမှာ
ဆူးပန်းတွေပွင့်နေပါစေ
ဖြတ်နင်းပစ်လိုက်မယ်
(တောင်ထိပ်ရောက်နိုင်ဖို့ . . .)

ငါ့မှာ . . .
x x x x x တွေရှိသေးတယ်
(မင်း တန်ဖိုးထားတတ်မယ်ဆိုရင်ပေါ့)

နည်ရဲဇော်

No comments: